ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

တောင်ပြိုလက်ဝဲမြို့     သြဂုတ်  ၃

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်− ၁၉ ရောဂါကာကွယ်ဆေးအား ယခင်မထိုးနှံသေးသည့် အသက် ၆၅ နှစ်အထက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ ပြည်သူများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် Sinopharm  အမျိုးအစား ဖြစ်သည်။ ယခင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံသေးသည့် အသက် ၆၅ နှစ်နှင့်အထက် ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ရဟန်း သံဃာ၊ သီလရှင်၊ ဘာသာရေးကျောင်း၊ Volunteer ပရဟိတများ၊ စျေးရောင်းချသူများစသည်တို့ကို ထိုးနှံပေးခဲ့ရာစုစုပေါင်း လာရောက်ထိုးနှံသူ (၇၄  ) ဦးရှိကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လှုပ်ရှားစစ်ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ Volunteer ပရဟိတအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)