ပေါက်တော ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် စတင်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးလျက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ပေါက်တောမြို့နယ်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြ သည်။ ပေါက်တောမြို့နယ်တွင် ဆေးထိုးရန် ရောက်ရှိလာကြသော သံဃာတော်(၃၄)ပါး၊ (၆၅)နှစ် အထက် သက်ကြီး(၆၉)ဦး၊ ဝန်ထမ်း(၂၀)ဦး၊ Volunteer (၁၁)ဦးတို့အတွက် ဆေးအလုံးရေ (၆၇)လုံး ထိုးနှံပေးကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင် များ လာရောက်ကြပြီး ဆေးထိုးရန် ရောက်ရှိလာကြသော ပြည်သူများအား ဆေးထိုးပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်၊ ဆောင်ရန်အချက်များကို လိုက်နာပေးစေလိုကြောင်း ဒုတိယအကြိမ် ထိုးနှံခြင်းကိုလည်း မပျက်မကွက် အလေးထားပြီး လာရောက်ကြပါရန် ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ကျော်သန်း