ဇေယျာသီရိ ဩဂုတ် ၁၂
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု ၊ ပေါက်ကုန်း ကျေးရွာ၌ ကျင်းပသည်။
အဆိုပါစီမံကိန်း(VRFP)ရန်ပုံငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ချေးငွေလာရောက် ထုတ်ယူကြသော ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စီစဉ်ဆောင် ရွက်ပေးခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း (Mask) နှာခေါင်းစည်း တပ်ဆင် စေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေအကွာ တန်းစီစနစ်ဖြင့် ချေးငွေ များကို စနစ်တကျ ထုတ်ယူ စေခဲ့သည်။ ပေါက်ကုန်းကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သက်မွေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်လုပ်ကိုင်သူ (၁၁၇) ဦး အတွက် ငွေကျပ်သိန်း ၃ဝဝ ထုတ်ချေးပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျောက်ချက်ကျေးရွာအုပ်စု ၊ အလယ်ရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကျပ် သိန်း ၂ဝဝ ကိုထပ်မံထုတ်ချေးသွားမည်ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အရ ဇေယျာသီရိမြို့နယ်၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျွန်းရောင်းကျေးရွာနှင့် မြဂနိုင်ကျေးရွာတို့၌ ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း ၄ဝဝ ထုတ်ချေးပြီးစီး ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)