အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

အမ်း   ဩဂုတ်  ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၅)နေရာ သတ်မှတ်၍ ယနေ့နံနက် (၉)နာရီအချိန်က စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျှက်ရှိပြီး အမ်းမြို့နယ် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ (၁၂၆၀)လုံးအား လူဦးရေ(၂၅၂၀)ဦးကို စတင် ထိုးနှံပေးခြင်းကို ရွှေအမ်းတောင်ခန်းမစုရပ်၊ တပ်တောင်စုရပ်၊ ရှုးစုရပ်၊ သပြုချိုင်စုရပ်၊ ကဇုကိုင်းစုရပ် စုရပ်(၅)နေရာသတ်မှတ်၍ ဩဂုတ်လ(၂)ရက်နေ့မှ (၅)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘုန်းကြီး၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သား၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်း၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market/ ဈေးရောင်းသူ ပြည်သူများကို ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။

၎င်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမ်းမြို့နယ်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ၊  ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊  မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။

စိုးမင်းထွန်း