ကျောက်တန်းမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကျောက်တန်း     ဩဂုတ် 

ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ   ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ နာရီက  ရန်ကုန်တောင်ပိုင်း ခရိုင် ကျောက်တန်းမြို့နယ်  အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံမည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် ပထမနေ့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ရွာ မှ သက်ကြီးဘိုးဘွား ကျား  ၃၃ ဦး၊ ၁၇ ဦး နှင့် ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်း ၁၄  ဦး ပေါင်း  ၅၀ ဦးအားထိုးနှံပေးပြီး နောက်နေ့များတွင် အ.ထ.က() ကျောက်တန်းတွင်  ၁၇၅  ဦး၊ ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ၅၅ ဦး၊ မီးပြကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတွင် ၄၀  ဦးနှုန်းဆီဖြင့် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

နှလုံရောဂါ၊ ဆီးချို သွေးချို ရောဂါ၊ ကင်ဆာ စသည့် နာတာရှည်ရောဂါရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ၍ ရကြောင်း၊ ကိုဗစ်ပိုးတွေ့လူနာများအနေဖြင့်  လပြည့်ပြီးမှသာ ကာကွယ်ဆေးထိုးနှံ၍ ရကြောင်း၊ ရောဂါအခံရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးသင့်ကြောင်း သိရှိရသည်။

အဘွားအသက်က ၇၃ နှစ်ရှိပါပြီ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးတွေ ထိုးတုန်းက မထိုးလိုက်ရဘူး၊ ဒီတစ်ကြိမ်မှာ ထိုးပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့၊ ခုဆို ရောဂါကူစက်မှုတွေများသလို သေနှုန်း တွေလည်းများတော့ ကြောက်တာပေါ့၊ ဆေးထိုးပြီးတော့ ယုံကြည်မှုလည်းရှိသွားတယ် အားလည်းရှိသွားတယ် တစ်ခြားမထိုးရသေးတဲ့ သူတွေလည်း လာထိုးကြပါ မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်ဟု စံချိန်မီရပ်ကွက်မှ အဘွားတစ်ဦးက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ/မရှိ သတ်မှတ်နေရာ  များတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုမှ သောက်ရေသန့်တစ်ဗူး၊ Royal D အအေး တစ်ဗူးနှင့် ကိတ်မုန့်တစ်ခု တို့ကို အာဟာရဒါနပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် ဦး ထိုးနှံပေးခြင်းဖြစ်ပြီး ကျောက်တန်းမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၃၅၀၁ ဦး ရှိကြောင်း သိရသည်။