ရွှေကူ ဩဂုတ် ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ် ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဗိုလ်မှူးကျော် မိုးသွင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအဖွဲ့များက ပြည်သူ များ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကာ ကွယ်ဆေး တရုတ်နိုင်ငံထုတ် Sinopharm ဖြစ်ပြီး ဆေးတစ်လုံးလျှင် (၂) ဦးနှုန်းဖြင့် ထိုးနှံပေး ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ဆေးအလုံးရေ (၄၀၀) ရရှိထားပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ စီသာတိုက်နယ် ဆေးရုံနှင့် တိန်းဟွန်းကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)