မိုင်းယု ဩဂုတ် ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေကြသည့် အတည်ပြုလူနာ များအတွက် အလှူရှင်တို့မှ အလှူငွေနှင့် အစားအသောက်များကို နေ့စဉ်လှူဒါန်း ထောက်ပံ့ နေလျက်ရှိသည်။
အဆိုပါ ကိုဗစ်အတည်ပြုလူနာများအတွက် အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူး လုတ်ချာ မိသားစုမှ ငွေကျပ် ၁၅၀၀၀၀ နှင့် အစားအစာများ၊ မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း မိသားစုမှ ငွေကျပ် ၅၀၀၀၀၊ ကောလင်း(မိုင်းယု) စားသောက်ဆိုင်နှင့် အခြားဒေသခံအလှူရှင်တို့မှ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုပ်၊ လက်ဖက်ရည်ထုပ်၊ ကိတ်မုန့်နှင့် သောက်ရေသန့်များကို မိမိတို့ စေတနာသဒ္ဓါတရားအလိုက် ပါဝင်ကူညီကာ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
မိုင်းယုမြို့တွင် ဇူလိုင် ၂၃ ရက်နေ့စတင်၍ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများပြုခဲ့ရာ ယနေ့ထိ ပိုးတွေ့အတည်ပြုလူနာ ၂၅ ဦးထိရှိနေပြီး အဆိုပါ အတည်ပြုလူနာတို့အား မိုင်းယု မြို့မရပ်ကွက်ရှိ သတ်မှတ်နေရာ ယာယီကုသဆောင်တို့တွင် ထားရှိကာ ဆေးဝါးပစ္စည်း ကိရိယာအစုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)