တောင်ကြီး ဩဂုတ် ၁၂
တောင်ကြီးမြို့အရှေ့ဘက် တောင်စွယ်တောင်တန်းများ တောတောင် သဘာဝအလှရေဝေ ရေလဲဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုအား အချိန်မီ ကာကွယ်စောင့် ရှောက်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲ ကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခမ်းမ ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပကြောင်း သိရှိရသည်။
ရှေးဉီးစွာ တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ က အဖွင့် အမှာ စကား ပြောကြား ပြီး တောင်ကြီးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးကိုကိုလွင် က တောတောင်သဘာဝအလှရေဝေရေလဲဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုအား အချိန်မီကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်း စောင့်ရှောက်နိုင်ရေးဆိုင်ရာ များအသေးစိတ် ရှင်းလင်းတင်ပြကာ တောင်ကြီးတက္ကသိုလ်၊ ဘူမိဗေဒဌာန ၊ ပါမောက္ခ ဒေါက်တာဒေါ်သန်းစိန် က တောင်ကြီးမြို့နယ်၏ ပထဝီဝင်အနေအထားကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဉီး က တောင်ကုန်း တောင်တန်းများနှင့် သစ်ပင်၊ သစ်တော ပျက်စီးနေမှုများ ၊ သဘာဝအရင်းအမြစ် ထိန်းသိမ်းနေမှုများနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် ရလာဒ်များ အပေါ် အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တောင်ကြီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးတင်စန်းမင်း၊ တောင်ကြီးခရိုင် သစ်တောရေးရာဉီးစီးဌာန ၊ ခရိုင်ဉီးစီးမှူး ဉီးအောင်မျိုးခိုင် နှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က တောင်စွယ်တောင်စွယ်တောင်တန်းများ တောတောင် သဘာဝ အလှ ရေဝေရေလဲ ဂေဟ စနစ်များ ပျက်စီးဆုံးရှုံးမှုအား အချိန်မီကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် သဘာဝအရင်းအမြစ်များ ထိန်း သိမ်း စောင့်ရှောက်နိုင်ရန်အတွက် အစိုးရအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများ ပြည်သူများ ၏ပူးပေါင်းပါ၀င်မှုဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး တင်ပြဆွေးနွေးကြရာ တောင်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၊ တောင်ကြီး ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့က ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီး တောင်ကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်