မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင်မြန်မာ့ပင်လယ်ပြင်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက်လုပ်ငန်းခွင်ကျန်းမာရေးနှင့်အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း(၅/၂၀၂၀)ဖွင့်လှစ်

သံဖြူဇရပ် သြဂုတ် ၁၂

မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့်အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း /၂၀၂၀ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် နာရီ ကသံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သီရိဇေယျာခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာမွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူးဦးဌေးဝင်းက သင်တန်း ပြုလုပ် ရခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရေယာဉ်များ မှရေလုပ်သားများ အတွက် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကိုဤသင်တန်းမှ အတွေ့အကြုံဖြင့် ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ ပင်လယ် ရေပြင်တွင်ဖမ်းဆီးခွင့်မရှိ သည့်ရေသတ္တဝါများမပြုန်းတီးစေရေးအတွက် မိမိတို့ပိုက်တွင် ပါရှိ လာပါ ကလည်း ပြန်လွှတ်ပေးစေလိုကြောင်း၊လူကုန်ကူးမှုဖြစ်စဉ်များနှင့် မီးဘေး အန္တရာယ်များ မဖြစ်ပေါ် စေရေး အတွက်ဤသင်တန်းမှ အသိပညာပေးပို့ချ သွားမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်၍သင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့(လူကုန်တား)၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှသင်တန်းပို့ချ သွားမည် ဖြစ် ကြောင်း နှင့် အဆိုပါသင်တန်းသို့ကျိုက္ခမီမြို့အုပ်ချုပ်ရေးမှူးဦးဇော်ထွေးခိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိ သူများ၊ ကျိုက္ခမီမြို့ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကမ်းဝေးရေယာဉ်မှ ရေလုပ်သားသင်တန်းသား(၄၂)ဦး တက်ရောက်ကြပြီးသင်တန်းကာလမှာ သြဂုတ် ၁၂ ရက်မှ ၁၄ ရက်နေ့ထိ()ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း နှင့် ယခု ဖွင့်လှစ်သည့် သင်တန်းသည် သံဖြူဇရပ် မြို့နယ်တွင်တတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)