မိုင်းခုတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ အသိပညာဗဟုတ တိုး ပွား စေရေးနှင့် စာဖတ်သည့်အလေ့အထပိုမိုရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခြင်း၊ အသိပညာပေးဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်လုံ(၁) ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မြို့လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံ များ ပြသပေးပြီး ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား သုတ/ရသ စာအုပ် များနှင့် မဂ္ဂဇင်းစာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးနိုင်းခွီရှိန်းနှင့် ရုပ်သံကျွမ်းကျင်-၃၊ ဦးအောင်လွင်ဌေးတို့က ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းနိုင်းခွီရှိန်း (ပြန်/ဆက်)