Covid – 19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးရေးဉီးစီးဌာနမှ မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs ၏ (၅၀)ဧက စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ပေးအပ်

လွိုင်လင်    ဩဂုတ်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး   Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး သည့် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ဦးစီး အရာရှိ ဒေါ်နန်းစောမြ မှ CERP အစီအစဉ်ဖြင့် Rs to Cs မျိုးစေ့ထုတ်စိုက်ပျိုးရ ခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား သည်။

ယင်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းမှ မျိုးစေ့ဖိုးနှင့်စိုက်ပျိုးပြုစုခြင်း စရိတ်ပေးအပ်မှု လုပ်ငန်း စဉ် အဆင့်ဆင့် အားရှင်းလင်းပြောကြားခြင်းနှင့်မျိုးစေ့ထုတ်သမဝါယမအသင်းဖွဲ့စည်းရန် အဆိုပြု တင်ပြခဲ့ ပြီး ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်နီနီဝင်းမှ စပါးမျိုးကွဲ ပါဝင်ခြင်းနှင့် ပတ်သက်၍ တောင်သူများ စနစ်တကျ စစ်ဆေးနိုင်စေရန် ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများမှ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။အဆိုပါအခမ်းအနားတို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် လွိုင်လင် မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Covid – 19 စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော  Rs to Cs မျိုးစေ့ထုတ်လုပ်သူ  တောင်သူ များအား ထောက်ပံ့ပေးရေးအစီအစဉ်အရ လွိုင်လင်မြို့နယ်၏ မျိုးစေ့ထုတ် ဧက(၅၀) စိုက်ပျိုးမည့် တောင်သူ (၁၇)ဉီး အား တစ်ဧကလျှင် မျိုးစေ့ဖိုး (၈၅၀၀)ကျပ်နှင့် စိုက်ပျိုးပြုစုခြင်းအတွက် (၇၅၀၀၀)ကျပ် စုစုပေါင်း (၈၃၅၀၀) ကျပ်အား ဧက(၅၀)အတွက် (၄၁၇၅၀၀၀)သိန်းအား ယနေ့ ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအစီအစဉ်အရ လာမည့်စက်တင်ဘာလ မျိုးကွဲပယ်ချိန်တွင် တစ်ဧက (၅၀၀၀၀) ကျပ်နှုန်းဖြင့် ဧက( ၅၀ )အတွက် (၂၅၀၀၀၀၀)သိန်းကျပ်အား ပေးအပ်သွားမည်ဖြစ်ပြီး ရိတ်သိမ်းချွေလှေ့ သန့်စင် ခ(၇၅၀၀၀၀)ကျပ်ကိုလည်း လုပ်ငန်းအချိန်နှင့်ခွဲဝေထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းမှ ပြောကြားခဲ့သည်။

ဝင်းမင်းသန့်(ပြန်/ဆက်)