စဉ့်ကူး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ ၂၉ ရက် ၊၁၅ နာရီ ၁၀ မိနစ်အချိန်တွင် ပြင်ဉီးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ( ၅) မိုင်ခန့်အကွာမြေအောက်အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာ စကေး(၆ . ၃ ) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စဉ့်ကူးမြို့ ၊ အမှတ် ( ၂) ရပ်ကွက်ရှိ ရွှေကွမ်းဆဲ ဘုရားဝင်းအတွင်းရှိ နှစ်ပေါင်း ( ၁၅၀ ) ခန့်က တည်ဆောက်ခဲ့သော ဓမ္မာရုံဟောင်းပြိုကျပျက်စီးခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၉ ရက် ညနေပိုင်းမှ စတင်ပြီး ဘုရားဝင်းအတွင်းရှိပြိုကျပျက်စီးခဲ့သော အုတ်ခဲများ ၊ အပျက်အစီးများအား ရှေးမူမပျက် စနစ်တကျထိန်းသိမ်းနိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည် ။
မြို့နယ် (ပြန်/ဆက်)