ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်အတွင်း covid-19 ရောဂါကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ အသုံးပြုရန် အတွက်  oxygen plant စက်အား တပ်ဆင်ထားရှိပြီးဖြစ်

၂၀၂၁  ခုနှစ်       ဇူလိုင်    ၃၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူ ထားရှိသည့်  တရုတ်နိုင်ငံ၊ Suzhou  Zhongmingfa  Gas Equiment Co,lte   ​ထံမှ  ကိုးကန့်ဒေသအတွင်းအသုံးပြုရန် covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အသုံးပြု ရန်အတွက် oxygen plant (Equiment   Model: ZMFFY-20/93)  (oxygenFlow rate:20 n m3/h) (Dew  point-4’c  oxygen  purit 93%) (power:0.5kw, working   pressure: 0.3Mpa ) (power supply  220v501 Hz factory  number :  xt  202107a )  စက်အားလောက်ကိုင်မြို့ ၊အမှတ်(၃)ရပ်ကွက်၊​ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၀င်း၊  ကဇာတ်ရုံအရှေ့ရှိ ပစ္စည်းထားသိုရန် ဂိုဒေါင်နှင့် ကပ်လျက်အလျား (၂၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၅)ပေ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ အဆောက်အဦ၌ တပ်ဆင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ဒေါ်နန်းမြမြ၀င်း