မူဆယ် ဇူလိုင် ၃၁
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်နှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ပြည်ဝင်ပြည်ထွက်ဂိတ်(၇)ခုရှိသည်။
အဆိုပါဝင်ထွက်ဂိတ်များတွင် ကုန်စည်များပို့ကုန်/သွင်းကုန်တင်သွင်းရမည့် ဂိတ်များလည်း ရှိသည်။ မူဆယ်မြို့နန်းတော်ဂိတ်နှင့်မန့်ဟီးရိုးဂိတ်၊ မုံးကိုးဂိတ်များသည် လူဝင်လူထွက်ဂိတ် အဆင့်ရှိပြီး မန့်ဝိန်းဂိတ်၊ဆင်ဖြူဂိတ်၊ ဝမ်တိန် ဂိတ်၊ကျင်စန်းကျော့ဂိတ်များမှာ နှစ်နိုင်ငံ သွင်းကုန်/ပို့ကုန်များကို ခွင့်ပြုပေးသော ဂိတ်ကြီးများဖြစ်သည်။ တစ်ဖက်နိုင်ငံရှိ ရွှေလီ ဂျယ်ဂေါင်ဝမ်တိန်ရပ်ဝန်းတွင် လူသုံးကုန်ထုတ်စက်ရုံ များစွာရှိပြီး ဝန်ထမ်းအလုပ်သမားများ စွာကို မြန်မာနိုင်ငံမှလုပ်သားများစွာဖြင့်သာ လည်ပတ်လျက်ရှိရာ ယင်းအလုပ်ရုံများတွင် မြန်မာလုပ်သားများအရေအတွက်ထောင်ချီ ရှိနေပြီး ယင်းတို့၏လုပ်အားခဖြင့် မိခင်နိုင်ငံတော်ရှိ မိသားစုကို တဖက်တလမ်းမှထောက်ပံ့ပေးပို့နိုင် သဖြင့် နှစ်နိုင်ငံအကျိုးရှိလှသော ဒေသရပ်ဝန်း ဖြစ်ခဲ့သည်။
သို့သော်၂၀၂၁ခုနှစ်၊ဧပြီလဆန်းပိုင်းမှစတင်ပြီး တစ်ဖက်နိုင်ငံ ရွှေလီ ကျယ်ဂေါင် ဝမ်တိန်မြို့များ တွင် ပြင်းထန်Covid-19ရောဂါများကူးစက်မှုများ မြန်ဆန်တိုးပွား လာခြင်းကြောင့် ၄င်းဒေသ ရပ်ဝန်းရှိ စက်ရုံအလုပ်ရုံများ ပိတ်ပင်ခဲ့ရပြီး ဝန်ထမ်းလုပ်သားများဖြစ်သော မြန်မာနိုင်ငံသား အလုပ်သမားများလုပ်လက်မဲ့ဖြစ်ခဲ့ကြပါသည်၊တစ်ဆက်တည်း ၂၀၂၁ခု၊ ဇွန်လဆန်းမှစတင်ပြီး ရွှေလီ ဂျယ်ဂေါင် ဝမ်တိန်မြို့များကိုLOCK DOWN သတ်မှတ်ပြုလိုက်သဖြင့်မြန်မာလုပ်သားများ သွားလာမရပိတ်မိကြပြီး စားဝတ်နေရေးအတွက်တိုင်းတပါးတွင် ကြပ်တည်းလာသည်။
တစ်ဖက်နိုင်ငံနယ်စပ်ဒေသရှိ မြန်မာလုပ်သားများစွာလည်း အမိနိုင်ငံသို့ပြန်လာလိုသော်လည်း ဝင်/ထွက် အဓိကဂိတ်များအားလုံး ပိတ်နေခြင်းကြောင့် တရားဝင်ပြန်လာခွင့်မရ၊ အခက်အခဲ ဖြစ်နေကြကြောင်းOnline media များမှတစ်ဆင့် ဖော်ပြတောင်းဆိုလာကြသည်။
ထို့ကြောင့်မူဆယ်-ရွေလီနယ်စပ်အာဏာပိုင်များညှိနှိုင်းလျက် ဇူလိုင် ၂၆ရက်မှစတင်၍ မူဆယ် မြို့ နန်းတော်ဂိတ်တစ်ခုတည်းမှသာ ပိတ်မိမြန်မာနိုင်ငံသားများကို ပြန်လည်ဝင်ခွင့်ပြုခဲ့ရာ (၃၀.၇.၂၀၂၁)ရက်နေ့အထိ အမျိုးသား(၆၉၇)ဦး၊ အမျိုးသမီး(၆၂၆)ဦး၊စုစုပေါင်း(၁၃၂၃)ဦးကို စနစ်တကျလက်ခံပေးလျက်ရှိသည်။
ဆက်လက်၍ မြန်မာနိုင်ငံသားများတစ်ဖက်နိုင်ငံတွင် လုမှုဒုက္ခ မရောက်စေရေး အထူးအစီအစဉ် တစ်ရပ်အဖြစ် ပိတ်ရက်မရှိ လက်ခံပေးလျက်ရှိသည်။ ထိုသို့မြန်မာအလုပ်သမားများ မိခင် နိုင်ငံသို့အဆင်ပြေစွာပြန်လာနိုင်ရေးကို အထူးအစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှဗိုလ်မှုကြီးဇေယျာလင်း၊
မူဆယ်ခရိုင်/မြို့နယ်တာဝန်ရှိသူများက မြေပြင်တွင်တိုက်ရိုက်ကြီးကြပ်လျက် နေရပ်ပြန် အလုပ်သမားကို ကိုကြိုဆိုခြင်းနေရာချထားပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစား အသောက်များပြည့်စုံစွာစီစဉ်ဆောင်ရွက်ပေးခြင်း၊ မိမိနေထိုင်ရာအရပ်ဒေသအထိ တိုက်ရိုက် ရောက်ရှိနိုင်ရေး မော်တော်ယာဉ်များစီစဉ်ဆောင်ရွက်ပေးခြင်းအား လေးစားလျက်မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
အယ်လ်စိုးထန်တူး