တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ (၁)ရက်နေ့တင်ထိုးနှံပေးမည်

တာချီလိတ် ဇူလိုင် ၃၁

တာချီလိတ်မြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ (၁)ရက်နေ့မှ စတင်ထိုးနှံ ပေးသွားမည်ဟု သိရှိရသည်။

မြို့ပေါ် (၄)နေရာနှင့် တာလေ၊ ကျိုင်းလပ်၊ မိုင်းကိုး၊ ဝမ်ပုံ စသည့်နေရာများတွင် ခွဲပြီး ကာကွယ်ဆေးကို ထိုးပေးနှံမည် ဖြစ်ကြောင်း သိရှိရသည်။ ဦးစားပေးအဖြစ် အသက် ၆၅ နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များကို ထိုးနှံပေးမည်ဖြစ်ပြီး ပရဟိတအသင်း၊ စေတနာရှင် လုပ်အားရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများစာရင်းကို တာဝန်ရှိသူများက ရပ်ကွက်အလိုက်စာရင်းများ ကောက်ယူလျက်ရှိသည်။

တာချီလိတ်မြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် လူဦးရေ (၂၈၀၀)အတွက် ရာထားသတ်မှတ်ထားပြီး ကျိုင်းတုံမြို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ယာဆေး