နမ္မတူမြို့နယ်ရှိ စားသောက်ဆိုင်များ၊ တည်ခိုခန်းများနှင့် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ 

နမ္မတူ  ဇူလိုင် ၂၉

 

နမ္မတူမြို့နယ်ရှိ စားသောက်ဆိုင်များ၊ တည်ခိုခန်းများနှင့် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အခွန်ဦး စီးဌာနသို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ တည်းခိုခန်း (၉)ခုနှင့် စာသောက်ဆိုင် (၁၃)ဆိုင်သို့သွားရောက်ကာ ကာကွယ်ဆေးထိုးနှံမည့် လူဦးရေစာရင်း ကောက်ယူခဲ့ပါသည်။

 

အလားတူနမ္မတူမြို့နယ် မြို့မဈေးတွင်းဈေးရောင်းချသူများ၊ သပြေပင်ကွေ့တွင် ဈေးရောင်းချ သူများ၊ အီဟန်းအရှေ့နှင့်အနောက်တွင် ဈေးရောင်းချသူများနှင့် မြနန္ဒာပန်ခြံရှေ့တွင် ဈေးရောင်းချ သူများအနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမည်ဆိုပါက ဖုန်းနံပါတ် ၀၉-၂၅၇၆၁၉၀၃ သို့လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၄၂၉၆၃၄၇၁၂ သို့လည်းကောင်း စာရင်းပေးသွင်း နိုင်ကြောင်း မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

 

လူမော်