တောင်ဥက္ကလာပ ဇူလိုင် ၂၇ ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူလူနာများ အောက်ဆီဂျင် လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၁၂)ရပ်ကွက်စနေပတ်ဆွမ်းလောင်းဓမ္မာရုံ၌ အောက်ဆီဂျင်အမှန်တကယ် လိုအပ်နေသူများကို မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေးအထောက်အကူပြုကော်မတီ၏ ကြီးကြပ်မှုဖြင့် လီတာ (၄၀)ဆံ့ အောက်ဆီဂျင်(၁၀)အိုးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ထိုသို့ အောက်ဆီဂျင်ဖြန့်ဝေရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် အမှန်တကယ်လိုအပ်သူ လူနာများအတွက် တစ်ဦးလျှင် (၁၀)လီတာ တစ်အိုးစီဖြင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ခင်ဆွေနှင်း