ခရမ်းမြို့နယ် နာရေးကူညီမှုအသင်းမှ အောက်ဆီဂျင်များဖြန့်ဝေပေး

ခရမ်း ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမရှေ့တွင် ယနေ့နံနက် ၁၁ နာရီ အချိန်က အောက်ဆီဂျင်အိုးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မြို့နယ် နာရေးကူညီမှုအသင်းမှဦးဆောင်သည့် မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေရေးအထောက်အကူပြု ကော်မတီက  (2000)Oxygen စက်ရုံ (လှိုင်သာယာအရှေ့ပိုင်း) မြို့နယ်ရှိစက်ရုံမှ ခရမ်းမြိုနယ်အတွက် ထုတ်ယူခွင့် ရရှိသော လီတာ(၄၀)ဝင်အောက်ဆီဂျင်အိုး (၁၅) လုံးနှင့်တပ်မတော် ကာကွယ်ရေး စက်ရုံမှ ထုတ်ယူရရှိခဲ့သောလီတာ(၄၀) ဝင်အောက်ဆီဂျင်အိုး အလုံး (၃၅)စုစုပေါင်း အလုံး(၅၀)တို့အား မြို့နယ် ကိုဗစ်-၁၉ positive လူနာများထားရှိသည့် ကိုဗစ်ကုသရေး စင်တာနှစ်ခုဖြစ်သည့်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ သို့လည်းကောင်း၊ လူမှုကူညီရေး ပရဟိတ အဖွဲ့များနှင့်မြို့နယ်အတွင်းရှိ ကျန်းမာရေး မကောင်းသဖြင့် အောက်ဆီဂျင် အသုံးပြုရန်လိုအပ်နေသောဝေ ဒနာရှင်များထံသို့ လည်းကောင်း အောက်ဆီဂျင်များ  အခမဲ့ စနစ်တကျ    ဖြန့်ဝေ ပေးလှူခဲ့ပြီး အောက်ဆီဂျင်ရရှိမှုများအလိုက် ဆက်လက်၍ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)