မလှိုင်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် လူဦးရေစာရင်း ကောက်ယူရေး ညှိနှိုင်းစည်းဝေးကျင်းပ

မလှိုင် ၊ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နှင့် မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် လူဦး ရေစာရင်း ကောက်ယူရေး ညှိနှိုင်းစည်းဝေးကို ယနေ့ နံနက်(၁ဝ)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည် ။

အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်က လမ်းညွှန်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲစာရင်းများမှ အသက်(၆၅)နှစ်နှင့် အထက်ရှိ သူများစာရင်း ပြုစုရန် ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်း ဆောင်ရာရုံးများတွင် စာရင်းပြုစုပြီးပေးပို့ရန်၊ စာရင်းပြုစုရာတွင်လိုက်နာရမည့်အချက်များ ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့၏ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကာ ကွယ်ဆေးထိုးရန် ကျန် ရှိနေသည့် ကဏ္ဍအသီးသီးမှ လူဦးရေစာရင်းများကို ဌာနအသီးသီးက ကူညီပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ သည် ။

ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက စာရင်းပြုစုရာတွင် သတိထားရမည့် အချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သိလိုသည့်များကိုမေးမြန်း ခဲ့ကြပြီး တာဝန်ရှိသူများကပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည် ။

အောင်ဌေး