တကောင်း ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ အ.ထ.က ကျောင်းဝန်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းများ ယခုအခါ (၆၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယခုတည်ဆောက်လျက်ရှိသော ကျောင်းဆောင်သစ်၏အရွယ်အစားမှာ အလျား ၁၄၀ ပေ အနံ ၃၀ ပေ RC ၂ ထပ်သွပ်မိုးဖြစ်ပြီး အပေါ်ထပ်တွင် ပေ ၃၀ အကျယ် အခန်း ၄ ခန်းနှင့် အောက်ထပ် ၃၀ အကျယ် အခန်း ၄ ခန်းပါဝင်မည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးသက်ထိုက်ဦးထံမှ သိရသည်။
အဆိုပါ RC (၂) ထပ်ကျောင်းဆောင်သစ်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် (၁၉၄ ဒသမ ၅၀၀) သန်းဖြင့် Aerial Engineering Co, Ltd, ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဇွန်လပိုင်းမှ စတင်တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုအောင်(တကောင်း)