ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာများ လစဉ်ထုတ်ပေး

ပြင်ဦးလွင်   ဇူလိုင်     ၂၇

 မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်တွင်  ို ယမန်နေ့နံနက် ၆ နာရီမှ စတင်ပြီး  ညနေ ( ၃) နာရီအထိ အငြိမ်းစား  နိုင်ငံ့ဝန်ထမ်းများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်းသိရသည် ။  

မြန်မာ့စီးပွားရေးဘဏ်များတွင်  ပင်စင်လစာငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ် ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း ၊ ATM  စာရင်းဖွင့်လှစ်၍  ATM  စက်များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar  Mobile  Money  (MMK)   စနစ်နှင့် Wave  Money  စနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ  Mobile  Agent   များတွင် ထုတ်ယူနိုင်ရန်  စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပါသည်။ 

ပြင်ဦးလွင်မြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်တွင်  ပင်စင်လစာထုတ်ယူခြင်းများကို  လစဉ် ရုံးဖွင့်ရက် ( ၂၁ )   ရက်နေ့မှစတင်ပြီး  နံနက် (  ၀၆း၀၀ )နာရီမှ  ညနေ ( ၃) နာရီအထိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများထံသို့  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  လစဉ်ထုတ်ပေးလျက်ရှိရာ ယခုအခါတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ Coronavirus  Disease  2019  (COVID   - 19) ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်အရ  ဇူလိုင်လ (၁၇) ရက်နေ့မှ  (၂၅) ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသဖြင့် ဇူလိုင်လ (၂၆)  ရက်  နံနက် (၆) နာရီမှ  စတင်ပြီး ပင်စင်လစာထုတ်ယူခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိပါကြောင်း  တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရှိရသည်။