ပန်ဆိုင်း(ကြူကုတ်)မြို့၊ အောင်မင်္ဂလာကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းရှိ ရဟန်း သံဃာတော် များအား ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း

ပန်ဆိုင်း     ဩဂုတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အောင်မင်္ဂလာကျောင်းတိုက်နှင့် ထေရဝါဒ သာသနာပြုကျောင်းရှိ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်က ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ရဟန်းသံဃာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ် လှူဒါန်းပြီး ထေရဝါဒသာသနာပြုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူသည်။ ထို့နောက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုကြသည်။

အဆိုပါ အောင်မင်္ဂလာ ကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းသံဃာတော် အရှင်သူမြတ်များအတွက် ဝါဆိုအလှူဖြစ်သည့် ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းကို  ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စုပေါင်း ဆက်ကပ် လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)