ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဉက္ကဌ ဦးသိန်းသန်းနှင့် တာ ဝန်ရှိသူများသည် မြို့နယ်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခံမှ ဆောင်ရွက် ခဲ့သော တောင်သူကုန်းရပ်ကွက်၊နိဗ္ဗာန်လမ်းနှင့်သိပ္ပံလမ်းဆုံရာတွင် လမ်းဖြတ် ရေမြောင်း(Box Culvert) တစ်ခု ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျန်ရှိနေသည့် (Box Culvert) သုံးခုအား ရပ်ကွက်အတွင်းရှိ မတည် အလှူရှင်များ အကူအညီဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကိုယ်ထူကိုယ် ထဆောင်ရွက်ခဲ့ကြရာ အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်သဖြင့် ရက်မပြည့်မီ ယာဉ်များ ဖြတ်သန်းသွားလာ ခြင်း မပြုလုပ်ရန် ဉက္ကဌ ကိုယ်တိုင် ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ရာအိမ်မှူးများ၊ဆယ် အိမ်မှူးများ၊ လမ်း ကော်မတီများ၊ ရပ်မိရပ်ဖများမှ အလှည့်ကျ တာဝန်ယူ၍ ကြည့်ရှုရမည့်ဖြစ်ကြောင်း လမ်းညွှန် မှာကြား ခဲ့သည်။
ဇွဲထက်ကို(ပြန်/ဆက်)