ဝေါမြို့နယ် စိုင်တီစုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီး

ဝေါ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုင်တီစုကျေးရွာအုပ်စုတွင် ယမနေ့ မွန်းလွဲ (၁၆)နာရီ ၄၀ မိနစ်အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားလျက် ရှိကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မိသားစုဝင်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ စိုင်တီစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၈ စု မှ ကျား၁၄ ဦး၊မ၁၉ ဦး စုစုပေါင်း(၃၃) ဦး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းလူနေအိမ်(၈)လုံး ထိခိုက်ပျက်စီးလျက်ရှိပြီး ထိခိုက်ပျက်စီးသွားသော နေအိမ်များမှာ သွပ်မိုးထရံကာ အိမ်များ ဖြစ်ကြောင်း၊ အခြားလူနှင့် တိရိစ္တာန်များ ထိခိုက်ပျက်စီးမှု မရှိပါကြောင်း  သိရသည်။

အောင်မြတ်လင်း