လားရှိုးမြို့ ဘာသာမရွေးလူမူကူညီရေးအသင်းရုံးတွင် ထားရှိမည့် Oxygen Plant စက်ကြီးအတွက် အလှူငွေကျပ်သိန်း(၁၂၀၀)လှူဒါန်း

လားရှိုး  ဇူလှိုင်  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံးတွင် ထားရှိမည့် Oxygen Plant စက်ကြီးအတွက် လားရှိုးမြို့ခံ စေတနာရှင်များဖြစ်ကြသည့် ဦးကျော်ခင် + ဒေါ်ဂရေစီကော့နန် မိသားစု(လပ်ကီး ရွှေဆိုင်) မှ အလှူငွေကျပ် သိန်း(၆၀၀) နှင့်ဦးထွန်းမြင့် + ဒေါ်လီကြူရင် (စင်ရယ်လုပ် လမုန့်တိုက်) မှ အလှူငွေကျပ် သိန်း(၆၀၀)၊စုစုပေါင်း သိန်း(၁၂၀၀) တိတိအား ယမန်နံနက်ပိုင်းက အဆိုပါ အသင်းရုံး၌လှူဒါန်းခဲ့ကြရာ အသင်းဥက္ကဋ္ဌ နှင့်တာဝန်ရှိသူတို့ကလက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမူကူညီရေးအသင်းရုံးတွင် ထားရှိမည့် Oxygen Plant စက်ကြီးသည် ကွန်တိန်နာအမျိုးအစားဖြစ်ကာ တနေ့လျှင် (၄၀) လီတာအိုးကြီး (၁၅၀) အထိ ခန့်မှန်းထားပြီး လတ်တလောကာလတွင် COVID-19 ဝေဒနာ ခံစားနေရသည့် ဒေသခံ ပြည်သူများအတွက် ကူညီ ဖြည့်တင်းပေးသွားမည် ဖြစ်ပြီး အဆောက်အဦး အတွက်မြေနေရာကိုပြင်ဆင်နေပြီဖြစ်ကြောင်းအသင်းဥက္ကဋ္ဌဦးမောင်မြင့်က ပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမူကူညီရေးအသင်းကို အသင်ကြီး၏ ရာသက်ပန် နာယက ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ အောင်သန်းထွဋ် (ငြိမ်း)၏ ဦးဆောင် လမ်းညွန်မှုများနှင့်အညီ ပရဟိတလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဟန်ဌေး