နမ္မတူ ဩဂုတ် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း(၂)ခုရှိ တိုက်ပွဲရှောင်ပြည်သူ ကလေးငယ်များအား ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင် ငှားရမ်း ပေးခြင်းကို ဩဂုတ်လ (၁၁)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို (IDP) စခန်းရှိ တိုက်ပွဲရှောင် ပြည်သူ ကလေးငယ်များအား အားလပ်သည့်အချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရရှိပြီး ပူးပေါင်း ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးနဲ့ စာပေဖတ်ရှုခြင်းဖြင့် စာအုပ်ထဲတွင်ပါရှိသည့် အသိပညာ ဗဟုသုတများကိုရရှိကာ စဉ်းစားတွေးတောတတ်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ချစ်ချစ်ပိုင်က ဇာတ်လမ်းနှင့် သရုပ်ဖော် မစန္ဒာရဲ့ ကြွက်မလေးရဲ့ အိမ်ထောင်ဖက် စာအုပ်ဖြင့်လည်းကောင်း၊ ပခုက္ကူပုံပြောသူများအဖွဲ့ရဲ့ ကုန်သည်သုံးဦး စာအုပ်ဖြင့်လည်းကောင်း ပုံပြင်ပြောဆောင်ရွက်ပေးခဲ့ပြီး စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ (၁၁)ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်က ကချင် (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ ကလေး ငယ်များအား ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ရာ နမ္မတူမြို့နယ် တိုက်ပွဲ ရှောင်ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယခုလို နမ္မတူမြို့နယ် (IDP) စခန်း အတွင်းရှိ ကလေးငယ်များအား မိမိကိုယ်ကို ယုံကြည်မှုအပြည့် အဝရရှိစေရန် အလှည့်ကျ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ကဏ္ဍများကို မကြာခဏ သွားရောက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံး မှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)