ကျောက်တန်း ဩဂုတ် ၁၂
ကျောက်တန်းမြို့ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့(CVD)နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဘိုးအဘွားများအား အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုများကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ကျောက်တန်းမြို့နယ်အတွင်းမှ အဘိုး(၈၅)ဦးနှင့် အဘွား(၁၄၀) ဦး စုစုပေါင်း (၂၂၅) ဦးအား ကိုယ်အလေး ချိန်စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းနှင့် လိုအပ်သည့် ဆေးထိုးဆေးတိုက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)