တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များမှ ခရိုင်ကိုဗစ် ကော်မတီသို့ ကုတင်နှင့်စက်ပစ္စည်းများ လှူဒါန်း

တာချီလိတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များမှ ခရိုင်ကိုဗစ်ကော်မတီသို့ အရေးပေါ်လူနာများအတွက် ကုတင်နှင့်စက်ပစ္စည်းကိရိယာများ စုပေါင်းလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

အရေးပေါ်လူနာများအတွက် ကုတင် ၁၂ လုံး၊ တလုံးလျင် ၅ သိန်းတန် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆၀၊ သွေးခုန်နှုန်းနှင့်နှလုံးခုန်နှုန်းတိုင်းစက် ၅ လုံး၊ တလုံးလျင်ကျပ် ၁၂ သိန်းခွဲတန် စုစုပေါင်းတန်ဖိုး ကျပ် ၆၂ သိန်းခွဲ၊ ချွဲစုတ်စက် ၃ လုံး၊ တလုံးလျင် ကျပ် ၅ သိန်းခွဲတန် စုစုပေါင်းတန်ဖိုးကျပ် ၁၆ သိန်းခွဲတို့ကို မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့် အဖွဲ့ဝင်များ အလှူရှင်များက ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အရေးပေါ်လူနာများအတွက် ပေးအပ်လှူဒါန်းလာသော အထောက်အကူပြု ကုတင်များနှင့် စက်ပစ္စည်းကိရိယာများကို ခရိုင်ကိုဗစ် ကော်မတီမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)