မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်

မက်မန်း  ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းနှင့်  Mask Camping ဆောင်ရွက်ခြင်းလုပ်ငန်းကို နေ့စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများတို့ ပူးပေါင်း၍ ယမနေ့က အသံချဲ့စက်ဖြင့်လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းနှင့်  မြို့တွင်း လမ်းဆုံသစ်တောရုံးရှေ့တွင် Mask Camping များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဝင်ရောက်လာသူများရှိပါက အဆင့်ဆင့် သတင်းပေးပို့ပြီး   Quarantine Center များတွင် ဝင်ရောက်စေခြင်း၊ ရပ်ဝေးမှ ပြန်လည်ဝင်ရောက်လာနေသည့် ခရီးသွားပြည်သူများ၊ ဈေးကားများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာနေထိုင်ရေးစသည့်  အသိပညာပေး ဆော်ဩခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

 ခရိုင် (ပြန်/ဆက်)