ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွား နေစဉ်ကာလတွင် ဟိုပုံးမြို့မစျေးအား ယာယီ ပိတ်ထားမည်

ဟိုပုံး  ဇူလိုင်   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု လျော့ကျစေရန်အတွက် လူစုလူဝေးဖြစ်စေနိုင်သည့် ဟိုပုံးမြို့မစျေးအား ဇူလိုင် ၃၁ ရက်အထိ ယာယီ ပိတ်သိမ်းထားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဇူလိုင်လ ၂၁ ရက်တွင် ကြော်ငြာ စာအမှတ် ၂/၂၀၂၁ ဖြင့်ထုတ်ပြန်ကြော်ငြာခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ (၂၀.၇.၂၀၂၁)ရက် အစည်းအဝေးအတည်ပြုချက်အရ ဟိုပုံးမြို့မစျေးအတွင်းရောင်းချလျှက်ရှိသော ဆိုင်ခန်းများအား ဇူလိုင် ၃၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

လူစုလူဝေးမဖြစ်စေရန်အတွက် စည်ပင်သာယာရေးဌာနပိုင်စျေးများတွင် ရောင်းချနေသည့် ပျံကျစျေးသည်များအား ယာယီပျံကျစျေးအဖြစ်သတ်မှတ်နေရာဖြစ်သည့် ကျွဲ၊ နွားပွဲဈေးကွင်းတွင် ဇူလိုင် ၂၂ ရက်မှစတင်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။