ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာယီပျံကျဈေးသစ်အား မြို့မအားကစားကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်

ကျောက်တော်  ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသား/ငါးဈေးတန်းနှင့် ဟင်းသီး၊ ဟင်းရွက်ယာယီပျံကျဈေး တန်းများကို   ဇူလိုင် ၂၁ ရက်နေ့မှစတင်၍ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိကြောင်း ကျောက်တော် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စောရွှေ ထံမှသိရ သည်။

ထိုသို့ ဖွင့်လှစ်ထားရှိရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ ဟင်းသီး၊ ဟင်းရွက်ဈေးတန်းအား ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့မအားကစားကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဈေးဆိုင်တစ်ဆိုင်လျှင် အနည်းဆုံး (၆)ပေ အကွာအဝေးသတ်မှတ်ထားရှိ ကာ ဈေးရောင်ချခြင်းများ ဆောင်ရွက်လျှက်ရှိသည်။  ထို့နောက် ဈေးရောင်း၊ ဈေးဝယ်လာသူများ ကို စည်ပင်သာယာ ရေးအဖွဲ့ရုံးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ် ထား သောလမ်းညွှန်ချက်များနှင့်ဈေးရောင်းဈေးဝယ်ပြကြရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိ ပေးနှိုး ဆော်ပေးခြင်းဆောင်ရွက်ပေးလျှက်ရှိသည်။ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးကြီးရှိ စားကုန်ဆိုင်နှင့် ဆေးဆိုင်မှအပ အခြားဆိုင်ခန်းများအား နေ့စဉ်နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချ ခြင်းများကိုပြုလုပ်စေကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ခင်မောင်ထွန်း