ဟိုပန် ဇူလိုင် ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ Quarantine Centre များတွင် အသုံးပြုရန်အတွက် ကုတင်နှင့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးအောင်ကျော်က ထောက်ပံ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့ နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ထောက်ပံ့သည့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို တပ်မမှူးဗိုလ်မှူးကြီးအောင်ကျော်က ပေးအပ်ရာ မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လက်ခံရယူခဲ့သည်။
ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများမှ ကုတင်(၁၀)လုံး၊ ရေသန့်(၁၂)ကတ်၊ကြက်ဉ(၁၂)ကတ်၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ Tea Mix (၁၄)ထုတ်၊ခြင်ထောင်(၁၀)လုံး၊စောင်ထူ(၁၀)ထည်၊ စောင်ကျား(၁၀)ထည်၊ ခေါင်းအုံး(၁၀)လုံး၊ ဘီစကစ်(၁)ဖာနှင့်အချိုရည်(၄)ဖာတို့ပါဝင်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)