မိုင်းရှူး သြဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ မိုင်းရှူးမြို့၊ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က ကျောင်းလမ်း ၇၁၀ပေ×၁၂ပေ ကတ္တရာခင်းခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ (၉၁.၇)သိန်း ဖြင့် လည်းကောင်း၊ အမှတ်(၁) ရပ်ကွက်၊ အ.မ.က ကျောင်းလမ်း၂၄၀ပေ×၁၂ပေ ကတ္တရာခင်းခြင်း လုပ်ငန်းကို ခွင့်ပြု ရန်ပုံငွေ (၃၂)သိန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးဖြစ် ကြောင်းနှင့် နောင်မွန် ကုန်းလမ်း ၃၃၀ပေ×၁၂ပေ ကတ္တရာခင်းခြင်း လုပ်ငန်းကို ခွင့်ပြု ရန်ပုံငွေ (၄၁.၃)သိန်းဖြင့် ဆောင် ရွက် ဆဲဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့် ကတ္တရာများကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် စည်ပင်သာယာရေး ဌာန၊ အမှုဆောင် အရာရှိ ဦးဉာဏ်ထွန်း ထံမဖှ သိရပြီး ကတ္တရာခင်းခြင်း လုပ်ငန်းပြီးစီးပြီးဖြစ်သည့် အ.ထ.က ကျောင်းလမ်းနှင့် အ.မ.က ကျောင်းလမ်းနေ ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်းလည်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)