တောင်ကုတ် ဇူလိုင်၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကံပိုင်ရပ် ကွက်၊ ဂူတာရပ်ကွက် သိမ်တောင်ရပ်ကွက်၊ ကိုင်းရှည်ကျေးရွာ လမ်းဆုံများနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်လည်၍ ကိုဗစ်-၁၉ အသိပညာပေးလုက်ငန်းများနှင့် နှာခေါင်းစည်း Mask များ တပ်ဆင် အပြင်ထွက်/ မထွက် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး ကော်မတီများ ပူးပေါင်း အဖွဲ့ဖြင့် ညနေစျေး လမ်းဆုံ၊ စည်ပင်ရုံးမီးပွိုင့်လမ်းဆုံ၊ ကိုင်းရှည်လမ်းဆုံ၊ အမ်းလမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ပြည်သူများ ဖြတ်သန်းသွားလာ လျက်ရှိသော လမ်းဆုံလမ်းမများသို့ သွားရောက်၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နှာခေါင်း စည်း (Mask)တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအချက်အ လက်များကို တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း နှာခေါင်း Mask မတပ်ဆင်သူများအား Mask တပ်ဆင်ပေးခြင်းဆောင်ရွက်ခဲ့၍ အသိပညာပေးကာ ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။