နွားထိုးကြီး ဇူလိုင် ၂၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၄၅)ဦးတို့သည် အမှတ်(၁)ရပ်ကွက်မှ(၃)ဦး၊အ မှတ်(၄) ရပ်ကွက်မှ(၃)ဦး၊ အမှတ်(၅)ရပ်ကွက်မှ(၂)ဦး၊ အမှတ်(၈)ရပ်ကွက်မှ(၂)ဦး၊ ပြင်စည်ကျေးရွာမှ (၉)ဦး၊ ကဒေါင်းကျေးရွာမှ (၉) ဦး၊ ကနားကျေးရွာမှ (၁)ဦး၊ ဆူးရစ်ကုန်းကျေးရွာမှ (၂)ဦး၊ ထန်းဇင်ကျေးရွာမှ (၂) ဦး၊ ဘုတ်ကုန်းကျေးရွာမှ (၁)ဦး၊ ဆူးဖြူကုန်းကျေးရွာမှ (၁)ဦး၊ ပဲချက် ကျေးရွာမှ (၁)ဦး၊ ရွှေကြာအင်းကျေးရွာမှ (၂)ဦး၊ ရေတွင်းကြီးကျေးရွာမှ (၁)ဦး၊ နနွင်တော်ဘိုး ကျေးရွာမှ (၁)ဦး၊ ဆေးထိုး ကျေးရွာမှ (၃)ဦး၊ အောင်မြေစံ ကျေးရွာမှ (၂)ဦး၊ကျွန်းဒေါင့်ကျေးရွာ မှ (၃)၊ ဆေးခင်းကြီး ကျေးရွာမှ (၃)ဦး၊ လက်သမားကန် ကျေးရွာမှ(၂)ဦးတို့ နေမကောင်း ပြီးအနံ့ပျောက်နေသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေး ရုံ တွင် (RDT ) ဖြင့်စစ် ဆေးရာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံအထူး ကုသဆောင်၊ အောင်သဇင် Q Center နှင့် မြို့နယ် အားကစား ခန်းမတွင်သီးသန့်ထားရှိ၍ဆေးဝါးကုသပေး လျက် ရှိကြောင်း သိရသည်။ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့် ရသူ (၁၄၅) ဦး ရော ဂါပိုးတွေ့ရှိသူ(၆၁၆)ဦးရှိပြီး သေဆုံးသူ (၅)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်