မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာရမည့် သတ်မှတ် စည်းကမ်း များကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့  လှည့်လည်ကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

မအီ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လိုက်နာရမည့် သတ်မှတ် စည်းကမ်းများကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့လှည့်လည် ကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်း တို့ကို မအီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီး

ဌာန တို့ ပူးပေါင်းလျက် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လိုက်နာရမည့်   သတ်မှတ် စည်းကမ်းများကို ပြည်သူများ သိရှိစေရန်အသံချဲ့စက်ဖြင့် မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ သို့ တစ်နေ့လျင် နှစ်ကြိမ် လှည့်လည်ကြေညာပေးလျက်ရှိသည်။

 

ဆက်လက်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် စုပေါင်း စစ်ဆေးရေးဂိတ်နှင့် မအီမြို့၊ ယာယီပျံကျဈေးတို့၌ ခရီးသွားပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများ သတ်မှတ် စည်းကမ်းများနှင့်အညီ အိမ်ပြင် ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ တို့ကို လိုက်လံ စစ်

ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သိန်းထွန်းအောင်