ဒဂုံတောင် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့ Comment Box မှဝင် ရောက်ယှဉ် ပြိုင်သူများ အား နိုင်ငံတော်သမ္မတရုံးမှ ပေးအပ်သော အမှတ်တရ Post Card များ အားအိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်ခြင်း ကို ယမန်နေ့မွန်းလွဲ(၃:၀၀)နာရီအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အိမ်တွင်း ဖြစ် နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲဝင်များအား နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော အမှတ်တရ Post Card များကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ပူးပေါင်းကာ အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ရာ ယခုအခါ(ပဥ္စမ) အကြိမ် မြောက်အဖြစ် ပြိုင်ပွဲဝင်(၅)ဦးအား ထပ်မံပေးအပ်ခဲ့ပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းမှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုစကား ပြောကြား ခဲ့ကြောင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)