တန့်ယန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြငကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေး လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ဦးအောင်မြတ်လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းနေမှုကို ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က လမ်းအရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ အစဉ်အမြဲကောင်းမွန်ရေးအတွက် ကြည့်ရှု စစ်ဆေးခဲ့ကြရာ ဦးအောင်မြတ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် အရှည် (၇၀၀)ပေ၊ အကျယ် (၁၂)ပေအား ကတ္တရာထပ်ပိုးလွှာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်းနှင့် လုပ်သား များအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များနှင့် ကြက်ဥများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး