ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ စုပေါင်း ၍ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၇)နာရီအချိန်က မြို့နယ်စည်ပင် သာယာရေးရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျဝင်း နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးနှင့် ဝန်ထမ်းများက ဆရာတော် သံဃာတော် အရှင်သူမြတ် များထံမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဝန်းထမ်းများက စုပေါင်း၍ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ဃန်း၊ ဝတ္ထုငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ထက်ထက်(ပြန်/ဆက်)