မောင်တော ဇူလိုင် ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ (၃) မိုင် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း ရှိကျောင်းသား/သူများအတွက် သင်ထောက် ကူဆိုင် ရာ ပစ္စည်းများ ထောက်ပံ့ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန် ကြားချက်များနှင့်အညီ ဇူလိုင် ၁၉ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က အဆိုပါ ကျောင်းတွင် ထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ သုံးမိုင် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်းတိုက်၊ မြို့နယ် သံဃနာယက အဖွဲ့အကျိုး တော်ဆောင် ဘဒ္ဒန္တစန္ဒာသီရိအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသွယ်ခိုင်နှင့် အဖွဲ့ဝင်များမှ ဖူးမျှော်ကြည်ညှိကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ လျှောက်တင်ခဲ့ပြီး ဝန်ကြီးဌာနပြင်ပ သုံးမိုင် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်းရှိကျောင်း သား/သူ (၃၄၉) ဦး အတွက် ဗလာစာအုပ် (၇၀)ဒါဇင် ၊ လက်ရေးလှ စာအုပ် (၁၀)ဒါဇင် ၊ ခဲတံ(၅၇)ဒါဇင် ၊ ဘောပင် (၁၀)ဘူး ၊ ခဲဖျက် (၃၅၀)ခု ၊ ပေတံ (၃၅၀)ခု အပါအဝင် သင် ထောက်ကူ ပစ္စည်း(၆)မျိုး တို့အား မိသားစု စည်းရုံးရေး နှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဉက္ကဌ ဒေါ်ကေသီခိုင် နှင့် တာဝန်ရှိသူ များက သုံးမိုင် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ ကျောင်း တိုက်၊ ကျောင်းထိုင်ဆရာတော်ကြီး ထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး