ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်အတွင်း  covid-19ရောဂါဖြစ်ပွားမှုအခြေအနေ  အတည်ပြုလူနာ စုစုပေါင်း ၂၂၃၃ ဦးရှိ

လောက်ကိုင် ဇူလိုင် ၂၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ဇူလှိုင်လ ၂၀ ရက်နေ့ ၊ ညနေ (၁၇၀၀) နာရီ အချိန်ထိ COVID – 19 ရောဂါ ပိုးတွေ့ရှိမှုအခြေအနေမှာ COVID – 19 Positive အတည်ပြုလူနာ ယခင် ၂၂၃၃ ဦး ၊ ယနေ့ ၄၈ ဦး စုစုပေါင်း ၂၂၈၁ ဦး၊ ဆေးရုံတက်ကုသကာရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ယခင် ၁၂၆၃ ဦး ၊  ယနေ့၁၄၁ ဦး ၊  စုစုပေါင်း ၁၄၀၄ ဦး ၊ ယခင်အထိ သေဆုံးသူ  ၆ ဦး ၊ ယနေ့အထိ သေဆုံးသူ ၁ ဦး ၊စုစုပေါင်း သေဆုံးသူ ၇ ဦး ၊ လက်ရှိအတည်ပြုလူနာပေါင်း ၈၇၀ ဦး ၊လက်ရှိထိ တွေ့ဆက်စပ်သူ စုစုပေါင်း ၉ ဦး ဖြစ်ပါသည်။

      

covid -  19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ကိုးကန့်လူငယ်လူမှုရေးအသင်းအဖွဲ့များ ၊ လူမှုရေးကူညီမှု အသင်းများ ကတက်ကြွစွာ ရောဂါဖြစ်ပွားမှုအမြန်ရှာ၊ အမြန်ကုသ၊ အမြန်ထိန်းချုပ်မှုစနစ်ဖြင့် ပါဝင်ဆောင် ရွက်ကြသဖြင့် ဖြစ်ပွားမှုနှုန်း  လျှော့နည်းလာကြောင်း သတင်းရရှိပါသည်။

 

နန်းမြမြ၀င်း