ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်ကိုဗစ် (၁၉) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (mask) များ စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆော်လျက်ရှိသည်။
ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာ၍ လူစုလူဝေးများ ရှောင်ရှားကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို စဉ်ဆက်မပြက် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အောင်ဇင်မြင့်