မိုင်းယောင်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆော်ဩ အသိပညာပေးရေးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သည်။
အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် မိမိလည်း အခြားသူများထံ မသွားရန်၊ အပြင်ထွက်လျှင် Mask စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးဆောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးကြောပါ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်း/နေရာများကို ရှောင်ပါ၊ အပြင်မှ ပြန်လာပြီးတိုင်း Mask ကို အပြင်တွင် စွန့်ပစ်ပြီး ကိုယ်လက်သန့်စင်ပြီးမှ အိမ်သားများနှင့် ထိတွေ့ပါ၊ သက်ကြီးရွယ်အိုနှင့် ရောဂါအခံရှိသူများကို ဂရုစိုက်ပါ၊ ရောဂါသံသယရှိက ကျန်းမာရေး စစ်ဆေးမှုခံယူပါ စသည့် ရောဂါကာကွယ်ရေးများကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း