ပြည်သူများအတွက် Liquid  oxygen များ ဝယ်ယူရန်နှင့် ကိုဗစ် - ၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန် အလှူရှင်ပြည်သူများက အလှူငွေများလှူဒါန်း

ရန်ကုန်  ဇူလိုင်  ၂၁

ဆေးရုံများနှင့် ကိုဗစ် ၁၉ ကုသရေးစင်တာများအတွက် လိုအပ်နေသော  Liquid    oxygen များ ဝယ်ယူရန်နှင့် ကိုဗစ်   - ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီခွဲ၌ ကိုဗစ် -၁၉ လမ်းညွှန်ချက်များ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အလှူငွေများ ပေးအပ်လှူဒါန်းခြင်းသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ ရန်ကုန်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အလှူရှင်များတက်ရောက် ကြသည်။

ရှေးစွာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လှစိုးက လှူဒါန်းမှုများအတွက် ကျေးဇူးတင် စကား ပြောကြားသည်။ ထို့နောက် ဦးသိန်းထွဋ် အထွေထွေ အတွင်းရေးမှူး (သင်္ဂဟဖောင်ဒေးရှင်း) မှ ကျပ်သိန်းနှစ်ထောင် ငါးရာ၊ ကွန်းခိုရာဖောင်းဒေးရှင်း (ရန်ကုန်မြို့) မှ ကျပ်သိန်းနှစ်ထောင်လေးရာ သိန်းဝင်းဇော် + ဒေါ်တင်လတ်မင်း  (ရွှေဗျိုင်းဖြူ) ကုမ္ပဏီမှ ကျပ်သိန်းတစ်ထောင်နှစ်ရာ၊ စုပေါင်းအလှူရှင်များမှ ကျပ်သိန်းတစ်ထောင်ရှစ်ရာ မျိုးသူရ+ဒေါ်ကေခိုင်သူရ (KTR Co,Ltd) မှကျပ်သိန်းခြောက်ရာ ဒေါက်တာဝင်းမြင့် + ဒေါ်ခိုင်ခိုင်(မြတ်မေတ္တာမွန် Co,Ltd) မှ ငွေကျပ်သိန်းခြောက်ရာ တင်မောင်လတ်(Chain Family Assets)မှ ကျပ်သိန်းသုံးရာခြောက်ဆယ် ဝိသာခါဖောင်ဒေးရှင်းမှ ကျပ်သိန်းသုံးရာခြောက်ဆယ် ခင်စိုး + ဒေါ်အုန်းဇာဇာလွင်(Anwar Hlwan Co,ltd)မှ ကျပ်သိန်းနှစ်ရာလေးဆယ် စိန်လွင် + ဒေါ်ကြူကြူခိုင် (Yadanar Shin Thant Co,Ltd) သန်လျင်မှ ငွေကျပ်သိန်းနှစ်ရာလေးဆယ် စိုးမိုးနှင့်ညီများ(သန်လျင်)မှ ငွေကျပ်သိန်းနှစ်ရာလေးဆယ် သီရိပျံချီသိန်းဆွေ + ဒေါ်မြသိင်္ဂီ (သားသမီးမြေးတစ်စု)မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် ၊သန်းအောင် + ဒေါ်လီလီ (Asia Hlaine Kyaw Co,Ltd) မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် ခင်အောင် + ဒေါ်လဲ့လဲ့အေး (မန္တလာမင်းအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး) မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် စိုးပိုင် + ဒေါ်ခင်မြတ်ဆွေ(Pain Family Co,Ltd) မှ ငွေကျပ်သိန်း တစ်ရာနှစ်ဆယ် မြင့်သိန်းခိုင်မိသားစုမှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် ၊ကျော်ဇော်သျှံ + ဒေါ်နန္ဒာဝေဒီ(Wai De Co,Ltd Home Galaxy မိသားစုမှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် မောင်မောင်လေး(ယမ်ယမ်ခေါက်ဆွဲမိသားစု)မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် Win & San ရတနာဆိုင်မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် စိုးနိုင် + ဒေါ်မိုးစိမ့်စိမ့်လင်းမိသားစုမှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ်   Eager Communication Group Co,Ltd မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ် ကျော်နေဝင်း မိသားစုမှ အလှူငွေကျပ်သိန်းတစ်ရာ ဦးအောင်ထွေး Great Cairo Co.Ltd မှ အလှူငွေကျပ်သိန်းတစ်ရာ   ရွှေထူးမိသားစုမှ အလှူငွေကျပ်သိန်းတစ်ရာ Bo Min Bo Co,Ltd မှ အလှူငွေကျပ်သိန်းလေးဆယ် ဒေါ်ကျင်ဟို၊  ဦးဇော်လင်းထွန်း နှင့်ဒေါ်ချိုချိုဝင်း (Treasure Land AsiaInvestment Co .Ltd )မှ ကျပ်သိန်းလေးဆယ် ဦးသိန်းဦး နှင့်ဒေါ်သီတာဝင်း  (အောင်မင်္ဂလာဆန်စက်) မှ ခြောက်ဆယ်နှစ်သိန်းငါးသောင်းနှင့်အောက်ဆီဂျင် ၄၀ လီတာအိုး ၅၀ လုံးစုစုပေါင်းအလှူငွေကျပ် တစ်သောင်းနှစ်ထောင်နှစ်ရာရှစ်ဆယ်နှစ်သိန်းငါးသောင်းတိတိအားလှူဒါန်းရာကောင်စီဥက္ကဋ္ဌ တိုင်းမှူးနှင့် ကောင်စီအဖွဲ့ဝင်များက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

 

ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းတွင် ဗိုင်းရပ်မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက် လူနာများတွင် အောက်ဆီဂျင်လိုအပ်မှု မြင့်မားနေသဖြင့်လိုအပ် ချက်များကိုအလုံ အလောက်ဖြည့်တင်းပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းကာဆေးရုံများနှင့် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများ ထံလှူဒါန်းဖြန့်ဝေ ပေးလျက်ရှိ ကြောင်းသိရသည်။

 

ဆန်းကျော်ဦး