တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် ရေးပြည်သူများ လိုက်နာနိုင်ရေး အသိပညာပေး လိုက်လံနိူးဆော်

တွံတေး    ဇူလိုင်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာများအတွင်း မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံ အသိပေးနိူးဆော်လျက်ရှိကြောင်း သိရသည်။

အသိပညာပေးနိူးဆော်ရာတွင် အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အများပြည်သူအနေဖြင့် မိမိနေအိမ် (သို့မဟုတ်) အဆောင်များတွင်သာ နေထိုင်ရန်၊ တာဝန်နှင့်နာရေးမှအပ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့် ဆိုင်များသာ ဖွင့်လှစ်ရောင်းချသွားရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ရောင်းချသည့် ဆိုင်များသာ ဖွင့်လှစ်ရောင်းချသွားရန်၊ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ် ( Take away) ဖြင့်သာရောင်းချရန်၊ ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် (အစိုးရဆေးရုံးများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ)၊ မဖြစ်မနေ နေအိမ်မှ ထွတ်ခွာသွားရောက်ရမည့် ကိစ္စရပ်များပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း(Mask) အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေး အစီအမံများ မဖြစ်မနေဝတ်ဆင်ရန်၊ Coronavirus Disease 2019 (COVID -19 ) ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် စည်းကမ်းချက်များ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် တတ်နိုင်သမျှအိမ်တွင်း၌သာ နေရန် ရပ်ကွက်၊ ကျေးရွာများသို့ နေစဉ်လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။