မိုင်းယု ဇူလိုင် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတား တစ်စင်းသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုကျခဲ့သည့်တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၂၄ ပေခန့်ရှိသည့် ကွန်ကရစ်တံတားဖြစ်ကြောင်း၊ မိုင်းယုဘက်ခြမ်းရှိ တံတားအုတ်ခုံတိုင်အား ရေတိုက်စားကာ ပြိုကျရခြင်းဖြစ်ကြောင်း၊ ယင်းပြိုကျရာသို့ နယ်မြေခံ တပ်မတော်သားများနှင့် မိုင်းယုမြို့လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးဟန်ရည်ထွန်းနှင့် အဖွဲ့တို့မှ ပြည်သူများ သွားလာမှုရရှိစေရန်အတွက် ပြန်လည်ပြုပြင်လျက်ရှိကြပြီး လတ်တလောတွင် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)