တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မှာယူထားသည့်[TP1]  အောက်စီဂျင်အိုး(၃၀)လုံးထပ်မံ​ရောက်ရှိ

တာချီလိတ် ဇူလိုင် ၂၁

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ် ဆင့် အောက်စီဂျင်အိုး ၃၀ လုံး ယနေ့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

 

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စီမံမှုဖြင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ မှာယူပြီး၊ ရှမ်းပြည်နယ်​(အရှေ့ပိုင်း)နှင့် ရန်ကုန်မြို့တွင်း​ လိုအပ်​ချက်များကို ဖြည့်ဆည်းနိုင်ရန် ၄၀ လီတာဝင် အောက်စီ ဂျင်အိုးကြီး ၃၀ လုံးကို မြို့မိမြို့ဖများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ ထပ်မံရောက်ရှိလာသည့် အောက်စီဂျင်အိုး ၂၀ လုံးကို ခရိုင်ပြည်သူ့ဆေးရုံ ၌ ထားရှိပြီး ၁၀ လုံးကို ရန်ကုန်မြို့ရှိ ရွှေလောင်းတင် ပရဟိတအသင်းသို့ ပို့ဆောင်ပေးသွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းအောက်စီဂျင်အိုးများကို ရှမ်းအရှေ့ (တာချီလိတ်) ရေ​ပေး​ဝေ​ရေး ကုမ္မဏီမှ (၁၀)လုံး၊ ဟိန်းလီဂရုပ်နှင့် ကုမ္မဏီများအဖွဲ့မှ (၁၀)လုံး၊ ကိုးကန့်လူမှုဖူလုံ​ရေးအဖွဲ့မှ (၁၀)လုံး စု​ပေါင်းလှု ဒါန်းခြင်းဖြစ်ပြီး လိုအပ်သည့်​ နေရာများသို့ လှုဒါန်းနိုင်ရန်အတွက် ယခုလို စီစဉ်​ပေးခြင်းဖြစ်​ကြောင်း ဗိုလ်မှုးကြီး မင်းမင်းထွန်းထံမှ သိရသည်။

 

ယာဆေး