မိုင်းဆတ် ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တစ်ရက်လျှင်(၁၅)လီတာဆံ့ စလင်ဒါအလုံး(၄၀) ထုတ်လုပ် ပေးနိုင်သည့် ကျပ်သိန်း(၈၀၀)တန် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖများနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ယမန်နေ့က လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့မှ ငွေကျပ် (၃)သိန်းနှင့် နားကော၊ ဝိန်းဝိုင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှငွေကျပ်(၃)သိန်းတို့ကို ပေးအပ် လှူဒါန်းရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကလည်းကောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့မှ လှူဒါန်းငွေကျပ်-၅၀၀၀ဝိ/ ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်က လည်းကောင်း လက်ခံရယူခဲ့သည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကျပ်သိန်း(၅၅၀)မတည် ပေးခဲ့ပြီး ဇူလိုင်လ(၁၉)ရက်နေ့အထိ စုစုပေါင်းလှူဒါန်းရရှိငွေကျပ်(၃၂၃)သိန်းကျော်ရှိပြီဖြစ်ကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မြင့်မောင်