တန့်ယန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပသည်။
မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဆောင်ရွက်နေသော အောက်စီဂျင်လိုအပ်သူများအား အခမဲ့ငှားရမ်းခြင်း လုပ်ငန်းကို အထောက်အကူဖြစ်စေ ရန် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ရှိသူတို့က အောက်စီဂျင် 40-Liter (၄)လုံးကို မြို့နယ်အရန်မီးသတ် တပ်ရင်းရုံးတွင် ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း၌ ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များအား ပါးစပ်နှင့်နှာခေါင်းစည်း MasK စနစ်တကျ တပ်ဆင်အသုံးပြုရန်နှင့် စားသုံးသူများအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် ဝန်ထမ်းများက လိုက်လံကြည့်ရှု စစ်ဆေး၍ အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)