ကြည့်မြင်တိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကြည့်မြင်တိုင် ဩဂုတ်  ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေ​မြောင်း အဖုံးပါ လုပ်ငန်း များ၊ Box culvert များ ပြုလုပ်ခြင်း၊ တိုးချဲ့ကွန်ကရစ်ခင်းလုပ်ငန်းနှင့် ဝဲယာရေ​မြောင်းအဖုံးပါလုပ်ငန်း၊  အနောက်ပိုင်းဆေးရုံ အထပ်မြင့် ဝန်ထမ်းအိမ်ရာသစ် နှစ်လုံး ဆောက်လုပ်မှု စသည့်လုပ်ငန်းများ၏ ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ကျန်ရှိမှုလိုအပ်ချက်များ စစ်​ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းက မြို့နယ်လွှတ်​​တော် ကိုယ်စားလှယ် များ၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရ သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ အမှတ်(၂)တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေး မှူး ဦးကျော်စိုးမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ လုပ်ငန်း တာဝန်ခံများမှ ရှင်းလင်း တင်ပြ ခဲ့ပြီးနောက်  လိုအပ်ချက်များ ပြည့်မီအောင် ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)